ကျောက်ဆည် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ပြည်သူ့ပန်းခြံ ဘော်လီဘောကွင်းတွင် ယနေ့နံနက် (၉)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘော အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ လူငယ်ဘော်လီဘော်အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှအားကစားမှူးဦးဝေမင်းက ပြိုင်ပွဲစည်းကမ်းများအကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပန်းခြံ၊ ဆူးကုန်း၊ ကြံ့နှစ်ကောင်၊ ဖျောက်ဆိပ်ပင်၊ ငှက္ကတောင်၊ ကုလရွာ၊ သပြေကုန်းရွာ၊ မြောင်းဦးရွာတို့မှ ဘော်လီဘောအသင်းများပါဝင် ယှဉ်ပြိုင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများကိုအုပ်စု(က)တွင်အသင်း(၄)သင်းနှင့် အုပ်စု(ခ)အသင်း(၄)သင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ ဆုရရှိမည့်အသင်းများအား ဇန်နဝါရီ(၃)ရက် ညနေ(၃)နာရီတွင် အဆိုပါ ပြည်သူ့ပန်းခြံတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်- ခရိုင်၊ ပြန်/ဆက်)