ကျောက်ကြီး ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နေလည် ၁၂ နာရီအချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် အ.ထ.က ကျောင်းရှေ့တွင် ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြန့်ဝေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက " ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့ " ဆိုသည့် ဆောင်ပုဒ်အတိုင်း ယနေ့ ကျောင်းသားလူငယ်များ လွတ်လပ်ရေးကြိုပမ်းမှုသမိုင်းအားသိရှိစေရန်၊ လွတ်လပ်ရေးကို စည်းလုံးညီညွတ်စွာ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ လွတ်လပ်ရေးကို ကာကွယ်ပြီး အမိနိုင်ငံတော်ကို ချစ်မြတ်နိုးတတ်စေရန်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များသိရှိစေရန်နှင့် လွတ်လပ်ရေးသည် နိုင်ငံသားအားလုံးတွင် အပြည့်အဝတာဝန်ရှိကြောင်းသိစေရန် ရည်ရွယ်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)