နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ ငလျင်ဘေးအန္တရာယ် Talk Show ဆွေးနွေးပွဲပြုလုပ်

နွားထိုးကြီး  ဇန်နဝါရီ ၂

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်နှင့်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ငလျင် ဘေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ် တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒေါ်မေသျှန္ဒီအောင်ကျော်က ငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်စေသော အကြောင်းအရင်းများ၊ မြန်မာနိုင်ငံမှ ငလျင်လှုပ်ခတ်မှုများမှ အကြောင်းအရင်(၂)ချက်၊ မြန်မာနိုင်ငံတွင်  ငလျင်ဘေး အများဆုံးဖြစ်ပွားစေသောနေရာများ၊ ငလျင်ဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ်သတိပြုရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ်သတ်ပြုလိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ဆောင်ရွက်ရမည့်အချက်များ သဘာဝဘေး အန္တရာယ်ကြံတွေ့လျှင်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကိုအကျယ်တဝင့် ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်