ထန်းတပင်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား “သတင်းစကား”လက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ

ထန်းတပင်(ရန်ကုန်)   ဇန်နဝါရီ   ၂

လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ပိုမိုသိရှိစေရန်အတွက် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက်(အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာဆရာမြင်းမူမောင်နိုင်မိုးရေးသားသည့် “လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်” ကဗျာနှင့် စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ စည်းလုံးညီညွတ်စွာဆက်လက်ထိန်းသိမ်းစောင့်ရှောက်နှင့် ကာတွန်းလှထွဋ်ဦး၏တစ်ကွက်ကာတွန်းတို့ပါဝင်ကြောင်းလည်း သိရသည်။

သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများနှင့် အ.ထ.က(ထန်းတပင်)ရှိ ဆရာ၊ ဆရာမများပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)