လွိုင်ကော် ဇန်နဝါရီ ၂
(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ရိုးရာအားကစား ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်း များ၊ ပြည်နယ်အားကစားကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း အားကစားရုံများ၌ ပျော်ရွှင်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
ယနေ့တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် အားကစားများအနေဖြင့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ စသည့်အားကစားနည်းများ ယှဉ်ပြိုင်ကစားလျက်ရှိပြီး ကျန်ရှိသည့် အားကစားနည်းများဖြစ်သော ပြေးခုန်ပစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့ နှင့် ဇန်နဝါရီလ ၄ ရက်နေ့တို့တွင် ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည် ။
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ကိုဇင်(ပြန်/ ဆက်)