တောင်တွင်းကြီးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ထုပ်ဆီးတိုး အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်

တောင်တွင်းကြီး ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထုပ်ဆီးတိုး အားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီမှ စတင်ကာ မြို့နယ်ရန်ပယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထုပ်ဆီးတိုးပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းတော)၊ မြို့မ အခြေခံပညာအလယ်တန်းကျောင်း စသည့်ကျောင်း (၆)ကျောင်းမှ ကျောင်းသူလေးများက အသင်း(၆)သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မိုးခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အား‌ပေးကြည့်ရူ့ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကို ဖိုင်နယ်ပွဲစဉ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းများအား ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)