တန့်ယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

တန့်ယန်း ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့တွင် ၂၀၂ ခုနှစ် (၇)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပါဝင်သော ဂုဏ်ပြုတပ်ဖွဲ့က အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း ဘင်ခရာတပ်ဖွဲ့နှင့်အတူ အခမ်းအနားတက်ရောက်လာကြသည့် ပြည်သူအပေါင်းက အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂ ခုနှစ် (၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဖတ်ကြားသည်။

ထို့နောက် (၇)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာဆင့် ကျင်းပပြုလုပ်ခဲ့သော မီနီမာရသွန် အပြေးပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများတို့က ဂုဏ်ပြုလက်မှတ်နှင့် ဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။                  

မင်းလွင်ဦး(ပြန်/ဆက်)