မိုင်းခုတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၈ နာရီခွဲက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာဝန်ရှိသူတို့က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲများကျင်းပရာ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)မှ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပညာရေးစုံညီပွဲတော်တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြတ်ထွေးထံမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)