မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ အားကစားပြိုင်ပွဲများ၊ ရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

မန်တုံ ဇန်နဝါရီ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုအကစုံများဖြင့် မြို့မအား ကစားကွင်းတွင် ယနေ့နံနက် (၇) နာရီမှ စတင်၍ စည်ကားသိုင်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် မီတာ၅၀၊ မီတာ၁၀၀၊ မီတာ၂၀၀၊ မီတာ၈၀၀ အပြေး၊ အာလူးကောက်၊ အိတ်စွပ်ပြေး၊ မုန့်စား၊ ထုပ်စည်းတိုး၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ စကောရွက်၊ ခြေသုံးချောင်းထောက်၊ သံပုံးရိုက် အစရှိသည့် ပြိုင်ပွဲများဖြင့် ကျင်းပပေးခဲ့ပြီး ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)