ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 31,2022
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိရေးသည် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်၊ မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံပညာသင်ကြားရေးသည် များစွာအဓိကကျပါသည်၊ အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့အပြည့်အဝ သောက်စို့နိုင်ရန်အတွက် ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးကို ယနေ့နံနက် ၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ ကျင်းပသည်။