သတင်းများ

နတ်မောက်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဆောင်ရွက်
Jan 11,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မြေပြင်အခြေခံလူဦးရေစာရင်းမှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူရေးကို ယမန်နေ့နံနက်ပိုင်းက ပ/ဂွေးချိုကျေးရွာနှင့် ရွာမွန်ကျေးရွာများရှိ သက်ဆိုင်ရာကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အရာတော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၉ ရက်နေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ဆရာစံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အခမ်းအနားကျင်းပ
Jan 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edu-tainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 11,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက  မြို့ပေါ်ရပ်ကွက်များ အတွင်း နှိုးဆော်ခဲ့ကြသည်။
ပေါက်တောမြို့နယ်အတွင်း IDP Camps များနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jan 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁) IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများနှင့် ဒေသခံကျေးရွာများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm ) ကျောင်းအခြေပြု (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်းကို  ယမန်နေ့  နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းတွင် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးစေရေး အစည်းအဝေး ကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အချိန်မီ ပြီးစီးစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ပုဏ္ဏားကျွန်း(မြို့မ)ဈေးအတွင်း တရားမဝင် အိမ်သုံးဆေးဝါး အတုများနှင့် Very Good အမှတ်တံဆိပ် ကော်ဖီမစ်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jan 11,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးအတွင်း  တရားမဝင်အိမ်သုံးဆေးဝါးအတုနှင့် “Coffee Shop” Very Good အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ် ဖြစ်စေတတ်သည့် စားသောက်ကုန် ပစ္စည်းများအား ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ကျိုင်းတုံမြို့နယ်၌ ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်းနှင့် ကျောက်ဗြုန်းခင်းခြင်းလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီး
Jan 11,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၀၃.၄၂၅ ဒဿမ သန်း အကုန်အကျခံကာ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်အုပ်စု၊ ယန်းလုံ-ဝမ်ဖြတ်-ဟိုနားကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်းနှင့် ကျောက်ဗြုန်းခင်းခြင်းလုပ်ငန်းမျာ