သတင်းများ

၂၀၂၂ ခုနှစ်၊ ကွတ်ခိုင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်
May 31,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာစည်ဘုန်းကြီးကျောင်းဝန်း၌ မြို့နယ်သစ်တောဦးစီးဌာနက စီစဉ် ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း (၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အစားအစာထုတ်လုပ်ခြင်း၊ လက်လီ/လက်ကားရောင်းဝယ်ရေးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) ကောက်ယူနိုင်ရေးသင်တန်းဖွင့်
May 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အစားအစာထုတ်လုပ်ခြင်း၊ လက်လီ/လက်ကား ရောင်းဝယ်ရေးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) ကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲကို မေ ၃၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။
သာစည်မြို့နယ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
May 30,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများအား ဖွင့်လှစ်ပို့ချသော စီမံခန့်ခွဲမှုစွမ်းရည်မြှင့်သင်တန်းကို ယနေ့ နေ့လယ် ၁ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
ဓနုဖြူမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
May 30,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတဆင့် ခြင်ပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးဆောင်သောအဖွဲ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးအခမ်းအနားကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ  အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
လက်ပံတန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဦးစီး၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းနှင့်
ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်
May 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm၊ Covishield၊ MyanCopharm ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ကရောက်ရှိသည်။
ကလောမြို့နယ်အောင်ပန်းမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
May 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင် ယနေ့ နံနက် ၁၁နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။