သတင်းများ

ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို အ.ထ.က (ပေါင်းတည်)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အထက(ကျောက်တော်) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ သဇင်ခန်းမအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
နေကာပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ
Jan 11,2023
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဂွေးကုန်းအုပ်စု၊ ဂွေးကုန်းကျေးရွာ တောင်သူဦးလှဝင်း၏ နေကာပြောင်းဖူးစိုက်ခင်း စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဇန်နဝါရီ (၁၅)ရက်နောက်ပိုင်းတွင် ပြောင်းဖူးများကိုခုတ်၍  ရောင်းချသွားရမည်ဖြစ်ကြောင်း  တောင်သူဦးလှဝင်းထံက သိရသည်။
အ.ထ.ကပိုင်ကျုံကျောင်း၌၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ည(၅) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးစျေးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ် တံဆိပ်များ ရောင်းချရန် ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးရန်မသင့်သော အစားအအသောက် အမှတ်တံဆိပ်များ ရောင်းချရန်မရှိစေရေး ယမန်နေ့နံနက်က မြို့မစည်ပင်သာယာရေး စျေးအတွင်း ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
မိုးနဲမြို့နယ် နောင်ခမ်း အခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ခမ်း အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲမျာ၊ ကျောင်းသားမိဘများ ၊ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ အသက်(၅)နှစ်မှ(၁၂)ကြားရှိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံပေး
Jan 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး သည့် အသက်(၅)နှစ်မှ(၁၂)နှစ်ကြားရှိ ကျောင်းသား/သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်ကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။
မင်းဘူးမြို့တွင် မြက်တံမြက်စည်း လှိုင်လှိုင်ရောင်းချနေရသဖြင့် တံမြက်စည်းပြုလုပ်သည့် မြက်ပင်ခုတ်ထွင်ရောင်းချသည့် တောင်သူများလည်း ရောင်းအားကောင်းလို့အဆင်ပြေ
Jan 11,2023
မကွေးတိုင်းဒသကြီး၊ မင်းဘူးမြို့၌ မြက်တံမြက်စည်း ပြုလုပ်၍ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချရာ လှိုင်လှိုင်ရောင်းချနေရသဖြင့် တံမြက်စည်းပြုလုပ်သည့် မြက်ပင် ခုတ်ထွင်ရောင်းချသည့် တောင်သူများ ရောင်းအားကောင်းကာ အဆင်ပြေလျက်ရှိသည်။