သတင်းများ

ညောင်ဦးမြို့နှင့် ပုဂံမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေး
Jan 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက် ၈နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (တမာကုန်း )ကျောင်းသို့ အသိပညာပေးဟောပြော
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (တမာကုန်း) ကျောင်းသို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင် များ ငှားရမ်း
Jan 11,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့ နံနက် ၁၀  နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
မိုင်းယောင်း၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှု
Jan 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယောင်းခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုစုနှင့်အတူ မိုင်းယောင်းမြို့နယ်ရှိ လူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပ
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင်  ၂၀၂၂/ ၂၃ခု ပညာသင်နှစ် ပညာရေးစုံညီအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားကို ကျောင်းသူလေးများမှ "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့သည်။
တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ကျေးရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသောမပျံတော်မူခြင်း
Jan 11,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု- ခြောက်မိုင်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက် ဦးစီးနာယက ပဓါနဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ, သက်တော် (၈၅)နှစ်၊ သိက္ခာတော် (၆၁)ဝါ၊ ခမည်းတော် ဦးညွန့်ဖေ မယ်တော် ဒေါ်ဘီဇံသည် (၉၆)ပါး ရောဂါဖြင့် ယမန်နေ့ ညနေ ၄ နာရီ၊ ၁၇မိနစ်အချိန်က ၎င်းကျောင်းတိုက်အတွင်း ဘဝနတ်ထံပျံတော်မူခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်တွင် လူငယ်များဘက်စုံဖွံဖြိုးတိုးတက်‌ရေးအတွက် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပပြုလုပ်
Jan 11,2023
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သခင်ကိုယ်တော်မှိုင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်က စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက် ပန်းလှိုင်အာရုဏ်တော်ဝတ်အသင်း ဓမ္မာရုံတွင် မြို့နယ်ကွပ်ကဲရေးရုံးဖွင့်လှစ်ပြီး သီရိခေမာရပ်ကွက်၊ ဟုမ်းလမ်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်များသို့ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်း‌ကောက်ယူခြင်း ဆောင်ရွက်ခဲ့သည်။