သတင်းများ

လှည်းကူးမြို့နယ်တွင် Mobile  Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသော စာအုပ်များပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့်စီမံကိန်းဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု စစ်ဆေး
Jan 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose) ဆက်လက်ထိုးနှံ
Jan 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အမ်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပညာရတနာခန်းမ ၌ ကျင်းပပြုလုပ်သည်။
သဲကုန်းမြို့နယ်၌ အ.လ.က အောင်ကုန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 11,2023
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အ.လ.က အောင်ကုန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ် ခဲ့သည်။
လက်ပံတန်းမြိုနယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်၊ ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုင်းတောစုကျေးရွာနှင့် ဆင်တလင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ယမန်နေ့ နံနက် ၉နာရီက နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့တွင် မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းများကို ယနေ့တွင်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများက ရပ်ကွက်/ကျေးရွာများတွင် စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရောင်ပြန်စတေကာများ ကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆိုင်ကယ်စီးနင်းသူများအား ရောင်ပြန်စတေကာများကပ်ပေးခြင်း၊ မော်တော်ကားများအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊