သတင်းများ

မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူနည်းပညာပေးသင်တန်းနှင့် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ဓါတ်ခွဲခန်း မွေးမြူပုံအဆင့်ဆင့်နှင့် အသုံးပြုနည်းများ ပြသပွဲအခမ်းအနားပြုလုပ်
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အောင်သလ္လာခန်းမ၌ တောင်သူ နည်းပညာပေးသင်တန်းနှင့် ထရိုင်ဂိုဂရားမားဓာတ်ခွဲခန်း မွေးမြူပုံအဆင့်ဆင့်နှင့် အသုံးပြုနည်းများ ပြသပွဲ အခမ်းအနား ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်ခရိုင် ဌာနပေါင်းစုံအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 11,2023
ဗန်းမော်ခရိုင် ဌာနပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဗန်းမော်ခရိုင် ပြည်သူ့အားကစားပြိုင်ကွင်းတွင် ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပြည်သူများလူမှုဘဝ နေ့စဉ်စားသောက်ရာတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့၌ (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျောင်းစုံညီအားကစားပြိုင်ပွဲများ ကျင်းပ
Jan 11,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် (၇၅) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ကျောင်းစုံညီအားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၁နာရီက အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက စည်ပင်သာယာခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွားသင်တန်း ဖွင့်လှစ်
Jan 11,2023
စစ်ကိုင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွား သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ (၁၁) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့မျက်မမြင်ကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့တွင် အသိပညာ ဗဟုသုတ တိုးပွားစေရန် စာဖတ်ဝိုင်းပြုလုပ်
Jan 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသူများနှင့် ယနေ့နေ့လည်ပိုင်းက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က (၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။