သတင်းများ

ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွဲပျော” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။
ရှင်ဗွေယန်မြို့၌ (၂ဝ၂၂-၂ဝ၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 11,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် (၂ဝ၂၂-၂ဝ၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီတွင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်မြို့နယ် (မြို့နယ်အဆင့်) ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်မြို့နယ် (မြို့နယ်အဆင့်) ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉နာရီအချိန် က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  ကြည့်ရှုစစ်ဆေး
Jan 11,2023
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့် ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့နယ် အမှတ်(၆)နှင့် အမှတ်(၇) ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
လမ်းမတော်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းဆောင်ရွက်
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမ‌တော်မြို့နယ်၌ လူဦးရေစာရင်းများ ကောက်ယူရာတွင် လူတစ်ဦးချင်း၏ အချက်အလက်များ တိကျပြည့်စုံ မှန်ကန်စေရန်နှင့် လူဦး​ရေစာရင်းများ တိကျမှန်ကန်​ရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို လမ်းမတော်မြို့နယ် အမှတ်(၁) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ကြက်တောင်အားကစားခန်းမဝန်းအတွင်း ယမန်နေ့ နံနက်ပိုင်း ၁၂နာရီအချိန်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
တောင်တွင်းကြီးမြို့တွင် အနှေးယာဉ်(ဆိုက်ကား၊မြင်းလှည်း)ပိုင်ရှင်များ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး ထပ်မံကွင်းဆင်းဆောင်ရွက်
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အခွန်ဌာနစိတ်နှင့် စည်းကမ်းထိန်းဌာနစိတ်တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အနှေးယာဉ် (ဆိုက်ကား၊ မြင်းလှည်း)ပိုင်ရှင်များ လိုင်စင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်(၈)နာရီက ထပ်မံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့ အ-ထ-က ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၁ နာရီခွဲက မာန်အောင် အ-ထ-က အောင်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ   ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက်၉နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။