သတင်းများ

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၌ ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ၊ ရသ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲကျင်းပ
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ၊ ရသ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မအီမြို့တွင် မာရ်ငါးပါးစေတီတော်များနှင့် ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ (၉)ရက်တိုင်တိုင် ကျင်းပ
Jan 11,2023
မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှု အလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များနှင့် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၈)ရက်၊ ပြာသိုလဆုတ် (၃)ရက်နေ့က ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်မှ စတင်၍ ဆရာတော် သံဃာတော်များက ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က စံကောပြင်ကွင်းအရပ်ရှိ သက္ကျမာရ်အောင် စေတီတော်မြတ်၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်
Jan 11,2023
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီ အချိန်က ဘူးသီးတောင်မြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များ စနစ်တကျထားရှိနိုင်ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းများအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများက ယနေ့နေ့လည် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဘီးလင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Jan 11,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် အထက (ခွဲ) လိပ်ခုံးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်
Jan 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးတို့ကို တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက် ရှိပါသည်။
ကျိန္တလီမြို၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှုရှိစေရေး လုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်
Jan 11,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများတိကျ မှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ကျိုက်ထိုမြို့နယ်‌ မြေဩဇာကြီးကြပ်ရေးကော်မတီမှ နွေစပါးစိုက်တောင်သူများအား ပုလဲမြေဩဇာဖြန့်ဝေပေး
Jan 11,2023
ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် တောင်သူများစိုက်ပျိုးရာတွင် လိုအပ်လျက်ရှိသည့် (ပုလဲ)မြေဩဇာများကို မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ စတုတ္ထအကြိမ်အဖြစ် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက်ဖြန့်ဝေပေးခဲ့သည်။