သတင်းများ

အ.ထ.က(မတ္တရာ)၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အ.ထ.က(မတ္တရာ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉  နာရီချိန်က အဆိုပါကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဒုတိယ‌နေ့ ဆက်လက်ဆောင်ရွက်
Jan 11,2023
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဒုတိယနေ့အဖြစ် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
တပ်တောင်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Jan 11,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးဆောင်ရွက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စာရင်းကောက်ယူရေး အဖွဲ့များက မြို့​ပေါ်ရှိ ရပ်ကွက်များ၌‌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍ မြို့နယ်လမ်းဦးစီးဌာနက  မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်၍ စက်တပ်ယာဉ်များ စီးနင်းသွားလာသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်း ကျင်းပ
Jan 11,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် စာတတ်မြောက်ခြင်း စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်အမက ဘူတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်
Jan 11,2023
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမက ဘူတာကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ် ကျားသေကန်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃ သန်းကျော်ဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရာသင်္ချာကျေးရွာအုပ်စု ကျားသေကန်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃ သန်း ကျော်ဖြင့်  ဖောက်လုပ်လျက်ရှိသော ကျေးလက်ကုန်ထုတ် လမ်းအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ (ဒုတိယ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲ မဟာပဌာန်း မြတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
Jan 11,2023
ကျိုက်ထိုမြို့နယ်၌ (ဒုတိယ) အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဌာန်းမြတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၆ခု ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် နတ်တော်လပြည့်ကျော်(၅)ရက် ဇန်နဝါရီ (၁၀)ရက်နံနက်၉နာရီတွင် ကျိုက်ထို မြို့နယ်ဆုတောင်းပြည့်ရွှေဘုံသာဘုရားဝင်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။