သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံဆောင်ရွက်
May 30,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) အား ဦးတည်အုပ်စုအလိုက် ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀) မှ မွန်းလွဲ (၂:၀၀) အထိ ၇/အနောက်ရပ်ကွက်၊ ဇိနမာရ်အောင်စေတီတော်ဝင်း၊ ၂/တောင်ရပ်ကွက်၊ ရန်အောင်မြင်ဓမ္မာရုံ၊ ၁၀/တောင် ရပ်ကွက်၊ (၁၀၈) တောင်ဘုရားဝင်း စသည့်ဆေးထိုးစုရပ်များ၌ အသက် (၁၅) နှစ်မှအသက် (၁၈) နှစ်ကြား ရှိပြည်သူများ၊ အသက် (၁၈) နှင့် အထက်ရှိသော ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံဆောင်ရွက်လျက် ရှိသည်။