သတင်းများ

စမ်းချောင်းမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်က စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက် ပန်းလှိုင်အာရုဏ်တော်ဝတ်အသင်း ဓမ္မာရုံတွင် မြို့နယ်ကွပ်ကဲရေးရုံးဖွင့်လှစ်ပြီး သီရိခေမာရပ်ကွက်၊ ဟုမ်းလမ်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်များသို့ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်း‌ကောက်ယူခြင်း ဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုပေးပွဲကျင်းပ
Jan 11,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန် ဆုပေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အထက (တာချီလိတ်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 11,2023
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ညနေပိုင်းက ယင်းတက္ကသိုလ်အားကစားရုံ၌ ကျင်းပခဲ့သည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်း
Jan 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ ရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မီးသတ်ဦးစီးဌာနရုံးမှ ဝန်ထမ်းများအား သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့ တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင်  စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Jan 11,2023
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုလေ့လာ အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိ စေရန်နှင့်မြန်မာ့ ရိုးရာဓလေ့စကားပုံများ သိရှိစေရန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် သပြေကန်တဲတိုက်သို့ သောက်သုံး ရေ ၁၆၀၀ ဂါလံလှူဒါန်း
Jan 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ကံကျဲကျေးရွာ၊ သံဖိုရွာဟောင်းတဲတိုက်သို့ ယနေ့နံနက် ၉ နာရီခွဲ အချိန်က သောက်သုံရေဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း အကျိုးတော်ဆောင်များထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး ဆောင်ရွက်
Jan 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇန်နဝါရီ ၁၁ ရက်၊ ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်က ညောင်ဦးမြို့နယ် ၊ပလင်း ကျေးရွာအုပ်စု၊ အနောက်ပုလင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။