သတင်းများ

သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအားပေး
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအား ယမန်နေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က ကြည့်ရှုအားပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်
Jan 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့ ဆုတောင်းပြည့် ရတနာမာန်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေးအလှူငွေ ပေးအပ်ပွဲကျင်းပ
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊    ကျောင်းကုန်းရပ် ဆုတောင်းပြည့် ရတနာမာန်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်  မွမ်းမံတည်ဆောက်ရေး (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါဘုရားဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
မောက်မယ်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မွေတော်ရပ်ကွက်အ.မ.က၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မွေတော်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။
လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူရေး ဆက်လက်ဆောင်ရွက်
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယနေ့နံနက်(၈)နာရီက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
နောင်တရားမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်
Jan 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် မြေပြင်ကွင်းဆင်းကောက်ယူ ရေးအဖွဲ့(Working Group)များက ‌နောင်တရားမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းများကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (၂၀၂၂-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
Jan 11,2023
နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ် (၂၀၂၂-အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးသုံးပစ္စည်းအ‌‌ရောင်းဆိုင်များ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး စစ်ဆေးခြင်းနှင့်အသိပညာ‌‌ပေးခြင်းဆောင်ရွက်
Jan 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်း‌ ဆိုင်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။