သတင်းများ

မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 11,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေး
Jan 11,2023
ခွေးရူးရောဂါပိုးကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Jan 11,2023
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကြက်သရေကျေးရွာ ရွာဝင်လမ်း ကွန်ကရစ်လမ်း ဆောင်ရွင်နေမှုအား မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ယနေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးကြသည်။
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/၂၀၂၂-၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/၂၀၂၂-၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
မိုင်းခုတ်မြို့၌ လူမှောင်ခိုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ လူမှောင်ခိုနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက အ-ထ-က(၁)ရွှေရတုခန်းမတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်း နေကြာ၊ ပဲတီစိမ်းစိုက်ခင်းများ ကြည့်ရှုအားပေး
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များ လိုက်ပါလျက် ဟင်္သာတခရိုင်  ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာရှိ တောင်သူဒေါ်လှနှင်းရီ၏ လယ်မြေ (၃)ဧကတွင် ပဲတီစိမ်းစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေး၊ အထွက်နှုန်းတိုးစေရေးမှာကြားခဲ့သည်။