ပွင့်ဖြူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ ၁၉၈၁၃ ဦး ကျောင်းအပ်နှံထားပြီးဖြစ်
May 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့အတွက် မေလ(၂၆)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အတန်းပိုင်ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၈၁၃ ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။