လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်
May 30,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေး၊ ပြောင်းလဲလာသည့် ရာသီဥတု၊ တိုးတက်လာ သည့် စိုက်ပျိုးရေးနည်းပညာနှင့်အညီ စိုက်ပျိုးတတ်စေရန် ရည်ရွယ်ချက်များဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ကင်းတောင်စံပြကျေးရွာရှိ တောင်သူ ဦးမောင်ကြည်လှိုင်၏ လယ်မြေ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။