သတင်းများ

ပလောက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Jan 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် Online မှတစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေး လုပ်ငန်းများ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသရှိ ကျေးရွာများတွင် ငှက်ပျောမျိုးစုံတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jan 12,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားရှိ ဒေသခံများမှာ  နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုး အသက်မွေးဝမ်းကြောင်းကြသော်လည်း မိမိတို့စားသုံးရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မဘိမ်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူရေး (Working Group)လုပ်ငန်း ဆက်လက်ဆောင်ရွက်
Jan 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အတွက် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက် ယူရေး(Working Group)လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က နမ့်ပုံးပုံးရပ်ကွက်၌ ဆက်လက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အ.ထ.က(လိပ်သို) ကျောင်း၌  အသက် ၅ နှစ် မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ကာကွယ်ဆေး (Booster Does) ထိုးနှံပေး
Jan 12,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပုံမှန်ကာကွယ်ဆေးထိုးနှံပြီး (၅) လနှင့်အထက်ရှိသည့် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူလေးများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Does) ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ဆေးထိုးစုရပ်ဖြစ်သည့် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူရာနေရာများသို့ လူမှုရေးဝန်ကြီးဦးယဉ်ထွေး လာရောက်ကြည့်ရှုစစ်ဆေး
Jan 12,2023
အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ပြဿဒ်ကြီးရပ်၊ ခတ္တန်းရပ်တို့တွင် မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူရေးစီမံချက် (၉.၁.၂၀၂၃ မှ ၃၁.၁.၂၀၂၃)ရက်အထိ ကောက်ယူလျက်ရှိနေရာသို့ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးယဉ်ထွေးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅နှစ်မှ ၁၂နှစ် အထိ) ကျောင်းသား/သူများအား (Booster Sinopharm)  တတိယအကြိမ် ထုံးနှံပေး
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်  တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Sinopharm)   ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီအချိန်က အသက်(၅)နှစ်မှ (၁၂)နှစ်အထိ မူလတန်းကျောင်းသား/သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
SUB SOILER ကိရိယာဖြင့် တောင်သူပညာ​ပေးသရုပ်ပြပွဲ ကျင်းပ
Jan 12,2023
 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ လယ်ယာသုံး စက်ကိရိယာများ အသုံးပြု၍ ထွန်ယက်စိုက်ပျိုး​ရေးလုပ်ငန်များ ဆောင်ရွက်နေသည့် တောင်သူများအား ပုံမှန် အသုံးပြုနေကျဖြစ်သည့် လယ်ယာသုံး စက်ကိရိယာများအပြင် ​ခေတ်နှင့်အညီ ထွက်ပေါ်လာသည့် နည်းပညာအသစ် လယ်ယာသုံး စက်ကိရိယာများအား ရင်းနှီးကျွမ်းဝင် လာစေရန် ရည်ရွယ်၍ SUBSOILER ကိရိယာဖြင့် တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက်က ကွင်းအမှတ် (၅၇၀-ခ)တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။