သတင်းများ

ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Jun 16,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆမားဒူးဝါးရပ်ကွက်ရှိ အမှတ် (၁၂) အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးလျက် ရှိသည်။
မိုင်းပျဉ်းအထကခွဲကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Jun 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ၂၀၂၂ခုနှစ် ယနေ့ နံနက်(၁၀)နာရီက အထကခွဲကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
သုံးခွမြို့နယ်၌ ငါးသား‌ပေါက်အကောင်ရေ (၅၀၀၀၀၀) ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jun 16,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အမှတ် ၁၁ ရပ်ကွက် ဆိပ်ကမ်းသာလမ်း မှော်၀င်းချောင်းအတွင်း ယနေ့နံနက် ၉ နာရီအချိန်က ငါးသားပေါက်အ‌ကောင်ရေ (၅၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဝါသနာတူကလပ်အသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jun 16,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့်
လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jun 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် သိပညာပေးဟောပြောပွဲကျင်းပ
Jun 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး
ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ နံရံကပ်စာစောင်ပြသ
Jun 16,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် ဝန်ထမ်းများသည် ကျောင်းသား/သူများ အသိပညာ၊ ဗဟုသုတများ တိုးပွားရရှိစေရေး ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ကံကြီး/မကျီး ရပ်ကွက်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  အသိပညာပေးနံရံစာစောင်များ  ပြသဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Jun 16,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club ) အဖွဲ့ဝင်များနှင့် (Women Club) ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။