သတင်းများ

ဇီးကုန်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြပ်မတ်
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Pilot Project)လုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာများတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့ ၃၅ ဖွဲ့က သတ်မှတ်နယ်မြေအလိုက် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ပဲခူးမြို့ စည်ပင်သာယာဈေးကြီးတွင် အစားအသောက်၊ ဆေးဝါး၊ အလှကုန် ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Jan 12,2023
ပဲခူးတိုင်း​​ဒေသကြီး ​​အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးစည်ပင်သာယာဈေးကြီးတွင် အစားအသောက်၊ ဆေးဝါး၊ အလှကုန် ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်(၂၀၂၃)ကျင်းပမည်
Jan 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ချယ်ရီပန်းပွဲတော် ၂၀၂၃ ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ လွိုင်မွေတောင်စခန်း၊ စတုရဌသုမင်္ဂလာစေတီတော်အနီး၊ ချယ်ရီပင်တန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းတုန်းမြို့တွင်အသက်(၁၂)အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ မင်းတုန်းမြို့ ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၁၁ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်တို့၏ ကြီးကြပ်မှုဖြင့် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်း၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Jan 12,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေပြည်သူများအား မီးဘေးအန္တရာယ်မကျရောက်စေရန်အတွက် ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ အဆိုပါ ခိုလှုံရာစခန်းသို့သွားရောက်၍ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခဲ့သည်။
လယ်ဝေးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 12,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (၁) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းကျော်သူ၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မီးဘေးသင့်နေအိမ်(၁၅)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ကျွေးရွာအရောက် သွားရောက်ထောက်ပံ့
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုမှ က္ကတန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် နေအိမ်(၁၅)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်‌နေ့ ညနေ ၄ နာရီက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့တွင် လက်တွေ့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
Jan 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ပြည့်စုံမှန်ကန်သောလူဦရေးစာရင်းရရှိရေး လက်တွေ့မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူဆောင်ရွက်နေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ကြီးကြပ်မှုကော်မတီမှ ကြီးကြပ်၍ မြစ်ဆုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။