သတင်းများ

စလင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူ
Jan 12,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုမိသားစုအတွင်းရှိသည့် လူတစ်ဦးခြင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းခြင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက စလင်းမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က မယင်းအနောက်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းကပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ကျောက်မဲမြို့တွင် မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရေး (Working Group) လုပ်ငန်းဆောင်ရွက်နေမှုအား ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး
Jan 12,2023
ကျောက်မဲမြို့တွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှစ၍ တစ်အိမ်တက်ဆင်း စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 12,2023
မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အထက(၁) ရွှေရတုခန်းမတွင်ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့သည်။
ရသေ့တောင်မြို့နယ်၌ မြေပြင်တစ်အိမ်တစ်ဆင်းစာရင်းကောက်ယူရေးအဖွဲ့ (၆၀)ဖွဲ့ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိ
Jan 12,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ (၆၀)ဖွဲ့ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။