သတင်းများ

သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတား(မြဝတီ) ပြန်လည်ဖွင့်လှစ်
Jan 12,2023
မြန်မာထိုင်းနယ်စပ် မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားကို Covid-19 ကူးစက်မြန်ရောဂါကြောင့် သုံးနှစ်နီးပါးခန့် ပိတ်ထားခဲ့ရာမှ ယနေ့နံနက် ၈ နာရီခွဲက ပြန်လည် ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jan 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
တံတားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေး
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် (၈)နာရီအချိန်က သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအသိပညာပေး ဟောပြော
Jan 12,2023
ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ ထန်းကုန်းအလယ်တန်းကျောင်း(ခွဲ) ပညာမွန်ခန်းမ၌ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​မြို့နယ် အဆင့်ပညာရေး စုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)အချိန်က အ.ထ.က (ပန်းတောင်း)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူ
Jan 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ အိမ်ထောင်စုစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်း ဆက်လက်ဆောင်ရွက်
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် အတွက် ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရပ်ကွက်များ အလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။