သတင်းများ

မိုင်းယောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား၊ ကျောင်းသူများအား(Booster Sinopharm) တတိယအကြိမ် ထိုးနှံပေး
Jan 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား/သူများအား (BoosterSinopharm) ထပ်ဆောင်းကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်မှ စပါးစိုက်တောင်သူများ ကောက်ရိုး/ကောက်လှိုင်း များရောင်းချရခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jan 12,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ စပါးစိုက်တောင်သူများ မိုးစပါး ရိတ်သိမ်းအပြီး ထွက်ရှိသော ကောက်ရိုး/ကောက်လှိုင်းများအား ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
မိုင်းယောင်း၌ ခရိုင်ထွေ/အုပ်ရုံးဝန်ထမ်းများအား ထောက်ပံ့
Jan 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့နယ်၌ စားဖိုချောင်သီးနှံကြက်သွန်နီများ အသစ်ဝင်ရောက်လာ၍ စျေးကွက်ကျဆင်းလာ
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုမစျေးတွင် စားဖိုချောင်သုံးသီးနှံကြက်သွန်နီများ အသစ်ဝင်ရောက်လာ၍ စျေးကွက်ကျဆင်းလာကြောင်း ကြက်သွန်နီရောင်းချသူ မလဲ့ထံက သိရသည်။
မင်းဘူးမြို့၌ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆေးများကို ယမန်နေ့နံနက် ၁၀ နာရီက ထိုးနံပေးခဲ့ကြောင်း သိရသည်။
အသိပညာဗဟုသုတလေ့လာနိုင်ရန် mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်း
Jan 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေဖတ်ရှုမှု မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတလေ့လာနိုင်စေရန်အတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် စာအုပ်စာစောင် ငှားရမ်းသည်။
ကလေးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ကစတင်ပြီး အုပ်စုများခွဲ၍ လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။