သတင်းများ

မှော်ဘီမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူရေးဆောင်ရွက်
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းမှန်ကန်စွာ ရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်း ကောက်ယူရေးကို (၉.၁.၂၀၂၃)ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်(၈)နာရီမှစတင်ကာ မှော်ဘီမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်အုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦး ရေစာရင်းများကိုတာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူ လျက်ရှိသည်။
မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်  ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် Working Group မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းတွင် ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီ အချိန်က စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက် ဟုမ်းလမ်းဓမ္မာရုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချပ်‌‌ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံအဖြစ် ကုလားပဲကို ဧက(၈၅၀) လျာထားစိုက်ပျိုးလျက်ရှိ
Jan 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်ဖြင့် နွားထယ်၊ ထွန်စက်ထယ်များ အသုံးပြုပြီး ဆောင်းသီးနှံအဖြစ် ကုလားပဲများကို ဧက(၈၅၀) လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံ
Jan 12,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက သက်ဆိုင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အ.ထ.က(၂၇) အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jan 12,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က တံတားဦးမြို့ အင်းဝခန်းမတွင် ကျင်းပကြောင်း သိရသည်။
သံတွဲမြို့ အ.ထ.က (ခွဲ) မြို့မကျောင်း ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား
Jan 12,2023
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ သံတွဲမြို့ အ.ထ.က (ခွဲ)မြို့မ ကျောင်း၌ ၂၀၂၂- ၂၀၂၃ ဩပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။