ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး
Jan 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်း များမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) များ ထိုးနှံခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ ကျောင်းအခြေပြု ထိုးနှံပေးလျက်ရှိရာ၊ အထက(၁)နှင့် အထက (၂) ကျောင်းတို့တွင် ကျောင်းသား/သူများအား ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။