သတင်းများ

မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခြင်းကို  ဇန်နဝါရီလ(၉)ရက်နေ့က စတင်ကောက်ယူခဲ့ကြောင်း သိရသည်။
ဝေါမြို့လူထုအခြေပြုဗဟိုဌာန Community Centre ၌ အနာဂတ် ကြယ်ပွင့်များ၏ မိုးကောင်းကင်စာအုပ်ဖြင့်   စာဖတ်ဝိုင်းကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့ဝင်တို့ပူးပေါင်းကာ ဝေါမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က အနာဂတ်ကြယ်ပွင့်များ၏ မိုးကောင်းကင် စာအုပ်ဖြင့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း စာရင်းများကောက်ယူမှု ကွင်းဆင်းစစ်ဆေး
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း စာရင်းများ ဆက်လက်ကောက်ယူနေမှုကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊သပိတ်ကျင်းမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်( ၉)နာရီက အဆိုပါကျောင်ခန်းမတွင်ကျင်းပပြုလုပ်သည်။
သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတား(မြဝတီ) ပြန်လည်ဖွင့်လှစ်
Jan 12,2023
မြန်မာထိုင်းနယ်စပ် မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားကို Covid-19 ကူးစက်မြန်ရောဂါကြောင့် သုံးနှစ်နီးပါးခန့် ပိတ်ထားခဲ့ရာမှ ယနေ့နံနက် ၈ နာရီခွဲက ပြန်လည် ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jan 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။