သတင်းများ

ကျိုင်းတောင်းမြို့အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးကွင်းဆင်းဆောင်ရွက်
Jan 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်း ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ်ဖော်ထုတ်နိုင်ရေးအတွက် မြို့လျှပ်စစ်ဓာအားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာရေးဆရာအောင်ကိုဦး (UMK) ၏ "လူငယ်တွေစဉ်းစားဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂နာရီ အချိန်က စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသည့် "လူငယ်တွေစဉ်းစားဖို့ "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Jan 12,2023
ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)ရှိ စုဝေးခန်းမဆောင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(၂၀၂၃ ခုနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတောင်သူ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 12,2023
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတောင်သူ အသိပညာပေးကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက မြောင်းတပ်ကျေးရွာအုပ်စု၊ တွင်းတော်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 12,2023
ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူစစ်ဆေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်တစ်အိမ် တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်‌ထောင်စုစာရင်း မြေပြင်ကွင်းဆင်းကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း အချိန် က စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
ကျိန္တလီမြို့ အ.မ.က (မူလွန်) အမှတ် (၅) ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 12,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.မ.က(မူလွန်)အမှတ်(၅)ကျောင်းတွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းနားကို ယနေ့မွန်းလွဲ ၁၁နာရီ အချိန်က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင် လူဦး‌ရေစာရင်းများ မှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းအဖွဲ့များက စာရင်းများဆက်လက် ကောက်ယူ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဦးရေစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့(၁၀၅)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းစာရင်းများကိုယနေ့တွင်   ဆက်လက်ကောက်ယူလျက်ရှိသည်။