မင်းလှမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မင်းလှ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ ယနေ့နံနက် ၉  နာရီချိန်က ကျင်းပပြုလုပ်သည်။

စုံညီပွဲတော်ကို ကျောင်းသား ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ခရိုင်ပညာရေးမှူး ဆရာကြီးဦးဇော်ဝင်းတို့က အမှာစကား ပြောကြားသည်။

မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်သန်းဌေးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆုရရှိသူစာရင်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်/ ခရိုင်/ တိုင်းအဆင့် စွမ်းရည်ဆု၊ စာပေဆုရရှိ‌သော ကျောင်းသား/ သူများနှင့် မြို့နယ်အဆင့်ဘက်စုံအားကစားဆုရရှိသော ကျောင်းသား/ သူများ၊ သန့်ရှင်း၍ စိမ်းလမ်းစိုပြည်သော ကျောင်းဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင်ဆုရရှိသော ဆရာဆရာမများတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုပေါင်း(၁၂၀)ကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူလေးများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

ပေါက်စ (ပြန်/ ဆက်)