မဟာအောင်မြေမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူ

မဟာအောင်မြေ   ဇန်နဝါရီ  ၁၂

မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခြင်းကို  ဇန်နဝါရီလ(၉)ရက်နေ့က စတင်ကောက်ယူခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်း၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက်   မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ ( Working Group) မှ တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၅)ဦးပါဝင်သည့် အဖွဲ့ပေါင်း (၉၉) ဖွဲ့ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ကောက်ယူလျက်ရှိကြောင်း သိရသည်။ ယင်းသို့ အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူရာတွင် မြို့နယ်အတွင်း၌ (၁၈) ရပ်ကွက် လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ ( Working Group)ဖွဲ့သည် ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်ထံမှ သိရသည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို မြို့နယ်မြေပြင် တစ်အိမ်တက်ဆင်းကွင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အတွင်းရေးမှူး ဦးမောင်မောင်ကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဆွေလွင်အောင်၊ အဖွဲ့ဝင် (၂)ဦးထွန်းထွန်းဝင်း၊အတွင်းရေးမှူး ရဲမှူးကျော်မြဝင်းတို့မှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း