သပိတ်ကျင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်း မြို့နယ်အုံးဇုံးကျေးရွာအုပ်စု ဇရပ်ကွင်းကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းအခြေခံပညာအထက်တန်း ကျောင်းစုရပ်တွင် တတိယအကြိမ်ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းနှင့် ဆရာ၊ဆရာမများ ကြည့်ကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများမှ ကျောင်းသား၊ကျောင်းသူ (၁၂၄) ဦးအားကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose)ထိုးနှံပေးခဲ့ပြီး ဇရပ်ကွင်း(အ.မ.က)ကျောင်းနှင့် အုန်းဇုံးကျေးရွာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအားကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ကျောင်းသူများကိုလည်း လျာထားချက်ပြည့်မီအောင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)