စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 31,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက်(၉) နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ(၁၁)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၅၇)ဦး နှင့် တတိယအကြိမ် Booster Dose ထိုးနှံသူ (၉၉)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသူ (၁၆၇)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။