ဘူးသီးတောင် မေ ၃၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာ၌ မေလ(၂၇)ရက်နေ့က မိုးကြိုးပစ်သေဆုံးသူ ဒေါ်ခင်ဝင်းနုမိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံနှင့် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးငြိမ်းထွန်းတို့က ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်သုံးသိန်းကျပ်ကို ပေးအပ်ရာ သေဆုံးသူ၏ယောက်ျားဖြစ်သူ ဦးမောင်စောသိန်းနှင့် မိသားစုဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူမှာ ဘူးသီးတောင်မြို့နယ် သပိတ်တော်ကျေးရွာနေသူဖြစ်ပြီး မေလ(၂၇)ရက်နေ့က ဟင်းသီးဟင်းရွက်များရှာဖွေရန် သွားရောက်စဉ် ကင်းချောင်းကျေးရွာအုပ်စု ဒုကင်းချောင်းကျေးရွာသို့အရောက်တွင် မိုးကြိုးပစ်သေဆုံးသွားကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)