ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်‌ရေး ဆက်လက်ဆောင်ရွက်ပေး

ဒဂုံမြောက် မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက  ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်၊ အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရန်နှင့် တစ်မြို့နယ်လုံး ရာနှုန်းပြည့်ထိုးနှံပြီးစီးရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို မေ ၃ ရက်နေ့တွင် သတ်မှတ်စုရပ် ဖြစ်သည့်  (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက် ဆေးထိုးစုရပ်တွင်  အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ (၂၆)ဦးတို့အား Covishield ကာကွယ်ဆေး၊ ဒုတိယအကြိမ် ထိုးနှံသူ(၉၈)ဦးတို့အား Covishield ကာကွယ်ဆေးနှင့် တတိယအကြိမ် Booster ထိုးနှံသူ(၈၇)ဦး တို့အား Astra Zeneca ဆေးနှင့် Covxin ကာကွယ်ဆေးများအား‌ ဒေသခံပြည်သူ စုစုပေါင်း (၂၁၁) ဦးတို့ကို ဆက်လက် ထိုးနှံ‌ပေးခဲ့ပြီး ကာကွယ်‌ဆေးထိုးနှံပေးနေမှုများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ