သတင်းများ

မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ နယ်လှည့်ဆေးကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးကောင်းမြတ်ဇင် ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့ မြို့ပေါ်ရှိ ပြည်သူများနှင့်အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
May 31,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက လမ်းမတော်လမ်း၊ မြို့မဈေးကြီးနှင့် မြနန္ဒာဈေးတို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အဖွဲ့ဝန်ထမ်းများက ဈေးရောင်းဈေးဝယ်နှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်
May 31,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့သစ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
May 31,2022
၂၀၂၂ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက လားရှိုးမြို့ လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ကျောက်ဆည်မြို့၌ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 31,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ် ဆုံးရှုံးမှုမရှိစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ရိုးကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
May 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာကျေးရွာအုပ်စု ရိုးကန်ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တက်ရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့နယ် မြိုင်သာကျေးရွာအုပ်စုတွင် ဝါအထူးဇုန် (၃၅၀) ဧက စိုက်ပျိုးမည်
May 31,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြိုင်သာကျေးရွာအုပ်စု မြိုင်သာကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာတို့တွင် ဝါအထူးဇုန် (၃၅၀) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။