မြောင် မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းမိသားစု (၂၀၂၂/၂၀၂၃)ပညာသင်နှစ်အတွက် စရိတ်များထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားကာ ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ယခုလိုထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်ကို ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဌာနမိသားစုဝင် သား၊ သမီးများအား ပညာသင်စရိတ်နှင့်အတူ စာအုပ်၊ ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)