ကဝ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၆)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၁၈၈)ကျောင်း၌ အထက်တန်းအဆင့် (၁၉၆၇)ဦး၊ အလယ်တန်းအဆင့် (၉၅၄၉)ဦး၊ မူလတန်း အဆင့် (၂၅၁၃၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၆၆၄၆)ဦးတို့ စတင်ကျောင်းတက်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)