ပဲခူးမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေး

ပဲခူး ဇွန်

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယမန်နေ့နံနက် (၉) နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။

ယနေ့တွင် ပဲခူးမြို့ရှိ  အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၁၉၉)ဦး၊ အ.ထ.က.(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၆၀)ဦး အ.ထ.က(၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၂၈၆)ဦး၊ အ.ထ.က၊ မြို့အနောက်(ခ)မှ ကျောင်းသား၊ ကျောင်းသူ  (၆၉၀)ဦး တို့အား စတင်ထိုးနှံပေးလျက်ရှိပြီး ပဲခူးမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၁၉၁၃၇) ဦးရှိပြီး ဇွန်လ ၂ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအရောက် လှည့်လည်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးများ ထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

သက်ဖြိုးကြိုင်