ဘားအံ ဇွန် ၃
အခြေခံပညာကျောင်းများကို ယမန်နေ့မှ၍ တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းသို့လာရောက်၍ ပညာသင်ကြားလျက်ရှိသည်ကို မြင်တွေ့ရသည်။
ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ဆရာမ၊ကျောင်းသားမိဘများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိသည်ကိုမြင်တွေ့ခဲ့ရပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကလည်း ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တ ရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုများကို မြင်တွေ့ခဲ့ရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကရင်ပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၄၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၂၀ ကျောင်း၊ ပုဂ္ဂလိကကျောင်း ၁၆ ကျောင်း၊ စုစုပေါင်း ၁၈၇၆ ကျောင်းရှိပြီး အခြေခံမူလတန်းအဆင့်တွင် ကျောင်းသား၊ကျောင်းသူ ၁၅၃၇၉၉ ဦး၊ အလယ်တန်းအဆင့်တွင် ၅၃၈၄၃ ဦး၊ အထက်တန်းအဆင့်တွင် ၁၄၃၈၉ ဦး စုစုပေါင်း ၂၂၂၀၃၁ ဦး ကျောင်းအပ်နှံတက် ရောက်လျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)