ဒဂုံအရှေ့ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မွေးစအသက် (၂) လမှ (၁) နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အမှတ် ၇ ရပ်ကွက် ဒေသန္တာရ ကျန်းမာရေးဌာနခွဲ တွင် ထိုးနှံလျက်ရှိပြီး ကျန်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း သတ်မှတ်ဆေးထိုးစု ရပ်နေရာများအလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် လာရောက် ထိုးနှံသည့် မိခင်နှင့် အသက် (၂) လမှ ၁ နှစ်ခွဲထိ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ပြင်းထန် အဆုတ်ရောင်ရောဂါ (ပီစီဗီ) ရောဂါ ကာကွယ်ဆေးမှ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ မေးခိုင် အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးအစရှိသည့် ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂) လမှ ၁ နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ဇွန်လ ပထမအပတ်အဖြစ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)