ကွတ်ခိုင် ဇွန် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာကြီး ဇာဏီဟိန်း(သီပေါ) တို့ပူးပေါင်းပြီး မီးခိုးမြူငွေ့ အန္တရာယ်ဝိုင်းဝန်းကာကွယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်း အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာကြီးဇာဏီဟိန်းအား မိတ်ဆက်ရှင်း လင်းစေခဲ့ပါသည်။
ဆရာကြီးက ကမ္ဘာပေါ်မှာ နယ်စပ်ဖြတ်ကျော်ဖြစ်ပေါ်တဲ့ မီးခိုးမြူငွေ့ပြဿနာဟာ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးတဲ့ပြဿနာဖြစ်ကြောင်းနှင့် ၁၉၉၁/ ၉၄/၉၇နဲ့ ၂၀၀၈ခုနှစ် များအတွင်း ပေါ်ပေါက်ခဲ့သည့် တောမီးလောင်းကျွမ်းမှုများကြောင့် အချို့သော အာဆီယံနိုင်ငံများ၌ မီးခိုးမြူငွေ့များအုပ်ဆိုင်းမှုဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် အာဆီယံ နိုင်ငံများအနေဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ စီမံချက်များပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၀၂ခုနှစ်တွင် သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် အခြားသော မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)