မြစ်ကြီးနားမြို့၌ အသက်(၅)နှစ်အထက်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများထိုးနှံ

မြစ်ကြီးနား ဇွန် ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မြစ်ကြီးနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၅)နှစ်အထက်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေး ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမတွင် ကျောင်းသား ကျောင်းသူ (၇၀၀)ဦးခန့်ကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အလားတူ မြစ်ကြီးနားမြို့ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ရွှေစက်)၊ အမှတ်(၉) အခြေခံပညာ အလယ်တန်းကျောင်းနှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းတို့တွင် အသက်(၅)နှစ်အထက် ကျောင်းသား/သူ စုစုပေါင်း (၄၀၀)နီးပါး ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် အခြေခံပညာ ကျောင်းများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)