သာကေတ ဇွန် ၃
၂၀၂၂၂-၂၀၂၃ပညာသင်နှစ်၊ဇွန်(၂)ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားပြီးဖြစ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားကြောင်း သိရှိရသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် သာကေတမြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရေးအတွက် မြို့နယ်တာဝန်ရှိသူများမှ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များနှင့် အေးချမ်းစွာ ပညာသင်ယူရေးအတွက် ဘက်ပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ အခြေခံပညာအထက်တန်း (၆) ကျောင်း၊ အလယ်တန်း(၇)ကျောင်း၊ မူလတန်း(၄၅)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိက ပညာရေးကျောင်း(၈)ကျောင်း စုစုပေါင်း(၇၃)ကျောင်းရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်း စတင်ဖွင့်လှစ်သည့် ယမန်နေ့တွင် ကျောင်းတက်ရောက်ပညာသင်ကြားသော ထက်၊ လယ်၊ မူအဆင့် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၁၃၆၆၇)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၃၀၈)ဦး၊ ပုဂ္ဂလိက ပညာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၄၀၉)ဦး၊ စုစုပေါင်း(၁၇၃၈၄)ဦးမှ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
မို့မို့သူ