တိုက်ကြီး ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အိုးတန်းရပ်ကွက် ရန်ကုန်- ပြည်လမ်း မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အဆိုပါ အစိုးရနိကာယ်စာမေးပွဲကို ဇွန် ၇ ရက်နေ့ မှ ၁၁ ရက်နေ့အထိ နေ့စဉ် မွန်းလွဲ ၁ နာရီ မှ ညနေ ၅ နာရီအထိ ၅ ရက်တိုင်တိုင် အုပ်စု ၁ မှ အုပ်စု ၈ အထိ အုပ်စုများခွဲကာ ကျင်းပလျက်ရှိပြီး စာမေးပွဲသို့ ဖြေဆိုသူ သံဃာ ၄၅ ပါးရှိသည်။
၂၀၂၂ ခုနှစ် အစိုးရနိကာယ်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးကြီးကြပ် ဆရာတော် ၄ ပါး၊ စာမေးပွဲ ကြီးကြပ်ရေး ဆရာတော် ၅ ပါး နှင့် ကြီးကြပ်ရေးလူပုဂ္ဂိုလ်များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး စာဖြေသံဃာတော်များ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာရေးဉီးစီးဌာနတို့က စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်