ကော့မှူးတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာ‌ရေးနှင့်မော်တော်ယာဉ်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီမောင်းနှင်းရေးစစ်ဆေး

ကော့မှူး ဇွန် ၈

ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေးနှင့် မှတ်ပုံတင်မထားသောယာဉ်များမောင်းနှင်ခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ခြင်းရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ စစ်ဆေး ဆောင်ရွက်နေကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဒေဝ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းဇော်မင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ အမှတ်(၅၂)ကော့မှူးမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်သန့်ဇင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်စေရေးနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်အတွင်းဖြတ်သန်းသွားလာကြသော ကားများ၊ ဆိုင်ကယ်မောင်းနှင်သူများ သိရှိလိုက်နာရမည့်အချက်များ၊ လိုင်စင်သက်တမ်းကုန်‌မော်တော်ယာဉ်၊ မော်ဆိုင်ကယ်မောင်းနှင်သူများ၊ ဆိုင်ကယ်စီးဦးထုပ်မ‌ဆောင်းသူများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)