ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jun 21,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၄)ဘာသာဖြင့် အောင်မြင်ခဲ့သူအား ဂုဏ်ပြုပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီးများ ပညာသင်စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးပွဲ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁ဝနာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်သည်။