မအူပင် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်၂၀၂၁- ၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းပြင်ပပညာရေးသင်ယူရင်း အ.ထ.က (မလတ်တို) ကျေးရွာကျောင်းတက်ရောက်ခွင့်ရရှိကာ သင်ကြားခဲ့သည့်မောင်ထွန်းဘိုဘို (သမိုင်း) ဘာသာဂုဏ်ထူးရှင့်နှင့် ရိုးရိုးအောင်မြင်ခဲ့သည့် မောင်အောင်ဖြိုးဝေ(၂)ဦးအား ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌အောင်မြင်သူ ၂ ဦး၏ ရင်တွင်းစကားသံများအား Talk Show အစီအစဉ်ဖြင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဥ်တွင်မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိူင်က Talk Showပြုလုပ်ရခြင်းအား ရှင်းလင်းတင်ပြပြီး ကျောင်းပြင်ပပညာရေးသင်ကြားရေးဆရာဖြစ်သည့် ဆရာဦးဘိုထွေးက ကျောင်းပြင်ပပညာရေးသင်ကြားမှုအား ရှင်းလင်းတင်ပြခဲ့သည် ဆက်လက်၍ ကျောင်းပြင်ပပညာရေးသင်ကြားရင်း အခြေခံပညာရေးကျောင်းတွင် တက်ရောက်သင်ကြားခွင့်ရရှိကာ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် မောင်ထွန်းဘိုဘိုနှင့် မောင်အောင်ဖြိုးဝေကျောင်းသား(၂)ဦး၏ ကျောင်းပြင်ပ ပညာရေးတက်ရောက်ခဲ့မှု များ၊ အောင်မြင်မှုရရှိအောင်ကြိုးစားခဲ့မှုများ၊ ရည်မှန်းချက်ထားရှိသည့်အကြောင်းအရာများ၊ ၂၀၂၃ ပညာသင်နှစ်တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား/သူများအတွက်စိတ်ဓာတ်ခွန်အားများ စသည့်ရင်တွင်းစကားသံများအားပြောကြားခဲ့ပြီး ပြောကြားချက်အပြည့်အစုံကို မအူပင်ခရိုင်ပြည်သူ့စာကြည့်တိုက် Page မှ လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)