ပင်းတယ ဇွန် ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဥပဒေအရာရှိဒေါ်ဇင်မာခိုင်မှ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်နှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးကျော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောပေးပြီး၊ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးမှ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် အသိပညာပေးခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်ဘိုမြင့်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အကြောင်းအရာများကို အသီးသီး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပင်းတယမြို့ ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ပြီး၊ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)